ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၂၁)ရက်နေ့ (၀၈း၀၀)နာရီ အချိန်မှ (၁၃း၀၀)နာရီအချိန်ထိ မြို့နယ်(ထွေ/အုပ်)၊ ခရိုင်(ပြန်/ဆက်)၊ မြို့နယ်မီးသတ်ဦးစီးဌာနများနှင့် ပူးပေါင်း၍ တမူးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် စန္ဒကူးရပ်ကွက်၊ မြို့မရပ်ကွက်၊ စော်ဘွားကြီးရပ်ကွက်နှင့် ဈေးတန်းကြီးရပ်ကွက်များတွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်း အများပြည်သူအလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားသော စည်းကမ်းချက်များအား လိုက်နာဆောင်ရွက် ရန်အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ရောဂါနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် အချက်များအား လိုက်လံနှိူးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR