ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီအချိန်တွင်   တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးခန်းမ၌ မိမိတို့ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ပြည်သူများသိရှိနိုင်စေရန် ရှင်းလင်းပြောကြားခြင်းနှင့် မုန်တိုင်ဘေး၊ လေပြင်းဘေးတို့နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ဆောင်ရန် ရှောင်ရန် အချက်များဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံး‌ ကျေးရွာအုပ်စု၊ မရမ်းကျေးရွာအုပ်စု၊ တော်ခရမ်းလေးကျေးရွာအုပ်စုနှင့် တော်ခရမ်းအနောက်ကျေးရွာ အုပ်စုတို့၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင်  ဖြစ်ပွားခဲ့သော  လေပြင်းတိုက်ခတ်မှုကြောင့် ပြောင်းရွေ့နေထိုင်သူ အိမ်ထောင်စု (၃၂၃) စု၊ လူဦးရေ (၈၀၈)ဦး၊ ပြိုကျပျက်စီးနေအိမ် (၃)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၅)လုံး ၊ စုစုပေါင်း နေအိမ်(၈)လုံး၊ အိမ်ထောင်စု (၈)စု၊  လူဦးရေ (၃၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၅၁၅,၀၀ဝ/ )၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၇၆၆,၁၀ဝ/ )၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၂၈၁,၁၀ဝ/-)ကျပ်နှင့်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု(၃)စုစာ၊ ပစ္စည်းတန်ဖိုး(၁၃၉,၀၉၂/)နှင့် ကိုဗစ်တီရှပ် (၆) ထည်တို့အား (၁၉-၅-၂၀၂၃)ရက်နေ့၊ (၁၂း၀၀)နာရီအချိန်တွင်  ပြည်သူများ၏      လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR