ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ စိုင်တီစုကျေးရွာအုပ်စု၌ (၂၃-၇-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့​သော ​​လေ​ဘေးမှ အမိုးလန်​နေအိမ် (၆) လုံး၊ ပြိုလဲ​နေအိမ် (၂)လုံးတို့အတွက် ​အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ(၇၉၀,၀၀ဝ/-)၊ လူဦး​ရေ (၃၆) ဦးအတွက် ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ(၇၅,၆၀ဝ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ(၈၆၅,၆၀ဝ/-)ကျပ်နှင့် ကယ်ဆယ်​ရေးပစ္စည်း (၁၇)မျိုး (၂) အိမ်​ထောင်စာ၊ ကတ္ထူစက္ကူပုံး(၂)ပုံးတို့ကိုလည်း​ကောင်း၊(၂၄-၇-၂၀၂၁) ရက်​နေ့ ဝေါမြို့နယ်၊ ဆင်ရွာ​ကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော​​ လေ​ဘေးမှ အမိုးလန်​နေအိမ် (၇)လုံး၊ ပြိုလဲ​နေအိမ် (၆)လုံးတို့အတွက် ​အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၁,၆၂၀,၀၀ဝ/-)၊ လူဦး​ရေ (၆၀)ဦးအတွက် ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ(၁၂၆,၀၀ဝ/-)ကျပ်၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ (၁,၇၄၆,၀၀ဝ/-)ကျပ်နှင့် ကယ်ဆယ်​ရေးပစ္စည်း (၁၇)မျိုး (၄) အိမ်​ထောင်စာ၊ (၁၆)မျိုး (၂)အိမ်ထောင်စာနှင့် ကတ္ထူစက္ကူပုံး(၆)ပုံးတို့ကိုလည်း​ကောင်း၊ (၂၉-၇-၂၀၂၁) ရက်​နေ့ တွင် ​ဘေးသင့်ပြည်သူများလက်ဝယ်အ​​ရောက် သွား​ရောက်​ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR