ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘုရားလမ်း၌ (၅-၁-၂၀၂၃) ရက်နေ့၊ နံနက် (၀၁း၂၅) နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသဖြင့် သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း၊ မြေစိုက် (၁၀×၂၅)ပေ အရောင်း‌ဆိုင် (၁)လုံး၊ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း (၁၅×၄၀)‌ ပေ (၁) ထပ်လူနေအိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁)စု၊ လူဦးရေ (၇)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် အဆိုပါမီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၄၇၀၀ိ/)ကျပ်၊ စုစုပေါင်း (၂၁၄၇၀၀ိ/) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးတို့အား (၆-၁-၂၀၂၃)ရက်နေ့၊ ‌‌(၁၂း၀၀)နာရီအချိန်တွင် ဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးခဲ့ပါသည်။ 

Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR