ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၂၃)ရက်နေ့ (၂၂း၃၀)နာရီအချိန်တွင် အုတ်ဖိုမြို့နယ်၊ သရက်ပင်ဆိပ်ကျေးရွာအုပ်စု၊ သရက်ပင်ဆိပ် (အနောက်)ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ်(၄)ပေ ရှိဂွေးပင်မှ အမြစ်ပွ၍ လူနေအိမ်ပေါ်သို့ လဲကျရာလူနေအိမ်(၁) လုံးပြိုလဲပျက်စီးခဲ့ပြီး လူ(၁)ဦးသေဆုံးခဲ့ရာ သေဆုံး ထောက်ပံ့ငွေ(၃၀၀,၀၀ဝ/-)၊ ပြိုလဲလူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝ/-)၊ လူဦးရေ (၂)ဦး အတွက် ဆန်ရိက္ခာဖိုး(၄,၂၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၀၄,၂၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း လေးထောင့် ပလပ်စတစ်ပုံးအပါ(၁၆)မျိုး တန်ဖိုးငွေ(၄၆,၀၃၆/-)နှင့် စက္ကူကတ္ထူပုံး(၁)ပုံးတို့အား (၃-၈-၂၀၂၃) ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့် ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR