ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ရွှေပြည်သာကျေးရွာအုပ်စု၊ လသာကွက်သစ်တွင် (၄-၇-၂၀၂၁)၌ မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှ သစ်ပင် ပိ၍ လုံးဝပျက်စီးခဲ့သော သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာနေအိမ် (၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ ကျား(၃)ဦး၊ မ(၁)ဦး၊ ပေါင်း(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၀၀,၀၀၀/-)ကျပ်၊ ဆန် ရိက္ခာဖိုးထောက်ပံ့ငွေ(၈,၄၀၀/-) ကယ်ဆယ်ရေးရန်ပုံငွေ စုစုပေါင်းထောက်ပံ့ငွေ (၄၀၈,၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၂)ပုံး ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးအားဖြင့်(၉၈,၀၇၂/-)တို့အား (၈-၇-၂၀၂၁)ရက်နေ့ (၁၅:၂၀) နာရီအချိန်တွင် ခန္တီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR