ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

​လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၂၃)ရက်နေ့၊ နံနက်(၀၆:၀၀)နာရီအချိန်မှ ညနေ(၁၆:၃၀)နာရီအချိန်ထိ မုန်တိုင်းအန္တရာယ်ထိခိုက်ခံစားနိုင်ခြေရှိသည့် ကျေးရွာများဖြစ်သော မြောင်းမြမြို့နယ်၊ ပြင်ရွာကျေးရွာ၊ လူတော်ကျေးရွာ၊ ပကိတ်ကြီးကျေးရွာ၊ ကွမ်းခြံကြီးကျေးရွာ၊ စက်ကုန်းကျေးရွာနှင့် ဒိုးပတ်ကျေးရွာတို့ရှိ ပြည်သူ(၆၀၀)ဦးအား ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုဥက္ကဌ၊ ဦးစန်းဌေး ဦးဆောင်သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဦးစီးဌာနပါဝင်သော ဌာနဆိုင်ရာများနှင့်အတူသွားရောက်၍ မုန်တိုင်းဘေးမကျရောက်မီ၊ ကျရောက်နေစဥ်နှင့် ကျရောက်ပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များအား ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

MOS

DSW

DDM

DOR