(၂၉-၁-၂၀၂၁)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်း မြို့နယ်၊ ဘန်နွားကျေးရွာနှင့် အောက်ကျင်းကျေးရွာတို့တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး အဖွဲ့တို့နှင့်ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မြန် အဆုတ်ရောင်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက် ဖြစ်ပွား တတ်သောသဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် များအား အသိပညာပေးခြင်းများကိုလည်းကောင်း၊
ထားဝယ်မြို့နယ်၊ ကရပ်ပြင်ရပ်ကွက်နှင့် ရှမ္မလည်ဆွဲရပ်ကွက်တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာ ပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Mask များ ဝေငှပေးခြင်းနှင့် သဘာဝ ဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းများကို လည်းကောင်း၊ အရာတော်မြို့ နယ်အတွင်းရှိ အောင်သာကုန်းကျေးရွာ၊ ပျော်ပုံကျေးရွာ၊ ကျောက်စရစ်ကန်၊ စည်သာ ကျေးရွာတို့ရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များအားအသိပညာပေးခြင်း များကို လည်းကောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ အုန်းသာကျေးရွာအုပ်စု၊ ဇီးခုံကျေးရွာ၊ အုန်းသာကျေးရွာ၊ အရှေ့မန်လီကျေးရွာအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက် များကို အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို လည်းကောင်း၊
မွန်ပြည်နယ်၊သထုံခရိုင်၊ပေါင်မြို့နယ်၊မြလေးချောင်ကျေးရွာနှင့်ထန်းပင်ချောင်လေးကျေးရွာ ရှိ ပြည်သူများအား 19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် လိုက်နာ ဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိ ပေးနှိုးဆော်ကြေညာခဲ့ခြင်းနှင့်လက်ကမ်းစာစောင်များဝေငှခြင်းတို့အား လည်းကောင်း၊
ကောလင်းမြို့နယ်၊ ယားတောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလှည့်လည်ဆော်သြခဲ့ပြီး သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အလို့ငှါ သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း စသည့်လုပ်ငန်းများကို (၂၉-၁-၂၀၂၁)ရက်နေ့(၁၀:၀၀)နာရီ အချိန်မှစတင်၍ အသိပညာပေးခြင်းလုပ်ငန်းများကို လည်းကောင်း၊
ရှမ်းပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စု၊ ဟိုဂျစ်ကျေးရွာ၊ ဟိုဖကျေးရွာ၊ လမ်းဆုံ ကျေးရွာ၊ လယ်တောကျေးရွာ များရှိပြည်သူများအား COVID-19 ကူးစက်ရောဂါပြန့်ပွားမှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန် အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ခြင်းကိုလည်းကောင်း၊
(၃၀-၁-၂၀၂၁)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် မိုင်းဖြတ်ကျေးရွာနှင့် ပင်လောင်းဈေးတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေး ခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းကိုလည်းကောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ မိဘပြည်သူများ မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ သိရှိနိုင်စေရန်အတွက် မုံရွာမြို့၊ပြည်ထောင်စု လမ်းမကြီးဘေး၊ ဘူတာကြီးအရှေ့ရှိ ယခင်ဆိုင်းဘုတ် အဟောင်းနေရာတွင်(၉x၆)ပေ မီးဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်အသစ်အား စိုက်ထူမှုခြင်းကိုလည်းကောင်း၊
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ်(၁၁ ၊ ၁၂ ၊ ၁၃ ၊ ၁၄ ၊ ၁၅)ရပ်ကွက်တို့တွင် COVID 19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းတို့ကိုလည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ပါသည်။
Source:EOC