ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၅-၂၀၂၄) ရက်နေ့ (၀၇း၀၀) နာရီမှ (၁၀း၀၀) နာရီအချိန်ထိ မင်းလှမြို့နယ်၊ သရော(အမ်)ကျေးရွာအုပ်စု၊ သစ်တူးအိုင်ရွာ၊ သရောရွာ၊ သရက်ပင်ဆိပ်ရွာ၊ ရှားပင်ကွေ့ရွာ၊ ကိုင်းပြင်ကြီးကျေးရွာအုပ်စု၊ ကိုင်းပြင်ကြီးရွာမရွာ၊ ကိုင်းပြင်ကြီးမြောက်စုရွာတို့တွင် လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသိရှိနိုင်စေရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

MOS

DSW

DDM

DOR