ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၁)ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက် စွယ်တော်ပိုင်းတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅ဝဝဝဝ/-) ကျပ်နှင့် လူဦးရေ (၂)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၄၂၀၀/-)ကျပ် စုစုပေါင်း (၅၄၂၀၀/-)ကျပ်အား (၁၀-၆-၂၀၂၁)ရက်​​နေ့ (၁၅:၃၀)နာရီ အချိန်တွင် ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် ထောက်ပံ့ ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR