ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများပါဝင်သော  အင်္ဂပူမြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့်  ကော်မတီအဖွဲ့ဝင်များသည် အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)ကျေးရွာအုပ်စု၊ သက္ကယ်ပြင်(သံ)ကျေးရွာ၌ (၂၂-၃-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ခြေ(၁)လုံးအတွက် ကော်မတီမှ ဆန် (၁) အိတ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၆၃၀ဝိ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေ (၄၆၃၀ဝိ/-) ကျပ်နှင့် Mask များကို (၂၃-၃-၂၀၂၂)ရက်နေ့၊ (၀၉:၂၀)နာရီအချိန်တွင်‌ သွားရောက်ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR