ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း




လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ အမှတ် (၃) ရပ်ကွက်တွင် (၁၆-၆-၂၀၂၁) ရက်နေ့တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းအိမ်ခြေ (၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀/-) ကျပ်တို့အား (၂၀-၆-၂၀၂၁) ရက်နေ့၊ (၁၀:၄၅) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ဘားအံမြို့၊ အိန္ဒုဈေး၊ အိန္ဒုကျေးရွာ၊ ခလောက်နို့ကျေးရွာ၊ လှာကဒေါင်ကျေးရွာ၊ နောင်လုံ (အရှေ့၊ ‌အနောက်) ကျေးရွာနှင့် ကော့ကသောင်ကျေးရွာတို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘားအံမြို့၊ ထုံးအိုင်ဈေး၊ ထုံးအိုင်စံပြကျေးရွာ၊ ကော့ကျိုက်ကျေးရွာ၊ တရုတ်လှစံပြကျေးရွာ၊ ဝါးဆူးကျေးရွာနှင့် ဝင်းကျန်ကျေးရွာများတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR