ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌကြီးနှင့် ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဟန်သူနှင့်အတူ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်တွင် (၁၁--၂၀၂၄) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့် လူဦးရေ (၄,၄၈၈) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၉,၄၂၄,၈၀၀/-) အား (၁၈--၂၀၂၄) ရက်နေ့ တွင်လည်းကောင်း၊ သေဆုံးလူဦးရေ (၅) ဦးအတွက်ထောက်ပံ့ငွေ (၁,၈၀၀,၀၀၀/-)အား (၁၉--၂၀၂၄) ရက်နေ့တွင်လည်းကောင်း၊ လုံးဝပျက်စီးနေအိမ် (၁၀၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀,၆၀၀,၀၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၂၁,၈၂၄,၈၀၀/-)နှင့် (၁၀၇၆၇၈/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး  (၁၀၆) အိမ်ထောင်စုစာ(၁၁,၄၁၃,၈၆၈/-)တို့အား (၂၁--၂၀၂၄) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင်လည်းကောင်း ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

MOS

DSW

DDM

DOR