ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၀-၁၁-၂၀၂၂)ရက်နေ့ (၀၃း၄၅)နာရီအချိန်ခန့်တွင် သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်​မြို့ တွင် အိပ်ယာ​ဘေးတွင် ဖယောင်းတိုင်မီးထွန်းပြီး အိပ်ခဲ့ရာမှတစ်ဆင့် မီး​လောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၈)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၆၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၃၀)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၆၃၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၆၆၃၀၀၀/-)ကျပ်အားလည်းကောင်း၊ မီးလောင်မှုကြောင့် သေဆုံးခဲ့သူ(၄)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၁၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၈၆၃၀၀၀/-) ကျပ်အားလည်းကောင်းကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးအိမ်ထောင်စု (၈)စုစာအတွက်တန်ဖိုးငွေ (၃၉၂၂၈၈/-)ကျပ်အားလည်းကောင်း၊ (၁၁-၁၁-၂၀၂၂)ရက်နေ့ (၁၀:၀၀) နာရီအချိန်ခန့်တွင် ပေါင်​ မြို့နယ်၊ ဇင်းကျိုက်ဘုန်းကြီးကျောင်း၌ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်ဦးစီးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR