လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၁-၂၀၂၅) ရက်နေ့တွင် ဘားအံမြို့နယ်ရှိ မြိုင်ကလေး(ရွာကြီး)ကျေးရွာ၊ မြိုင်ကလေး(ရွာလေး)ကျေးရွာ၊ နှစ်ခြားကျေးရွာနှင့် မြိုင်ကလေးဈေးတို့၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များ လိုက်လံနှိုးဆော်ခဲ့ပြီး မီးဘေးနှင့် လေပြင်းဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
Source: DDM


