ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ မိမိတို့ပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍအလိုက် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် ရာသီဥတုပြောင်းလဲမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်နိုင်ရန်၊ ပြည်သူလူထုအတွင်း သဘာဝဘေးအန္တရာယ်အသိပညာဗဟုသုတများ၊ သဘာဝဘေးအန္တရာယ် မကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆင့်ပွားအသိပညာပေးနိုင်စေရန် ရည်ရွယ်၍ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို (၂၀-၁၁-၂၀၂၃ )ရက်နေ့ နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ (RCC)ခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုးနှင့် မရမ်းကုန်းခရိုင် စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်သက်ခိုင်တို့က အမှာစကားများပြောကြားခဲ့ပြီး အခမ်းအနားသို့ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာ‌ဇော်ဌေး၊ မရမ်းကုန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ နည်းပြအရာရှိများနှင့် မရမ်းကုန်းခရိုင်အတွင်းရှိ မရမ်းကုန်းမြို့နယ်၊လှိုင်မြို့နယ်၊မြောက်ဥက္ကလာပမြို့နယ်တို့တွင် တာဝန်ထမ်းဆောင်နေသောဌာန(၁၅)ခုမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR