ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်

 

၁။     (၂-၂-၂၀၂၁)ရက်နေ့ (၁၄:၃၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ပေစိကျွန်းကျေးရွာအုပ်စု၊ ပေစိကျေးရွာနှင့် ကညင်ကောက်ကျေးရွာတို့၌ (၃၀-၁-၂၀၂၁)ရက်​နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ​အမိုးလန်​နေအိမ် (၇)လုံး၊  အိမ်ထောင်စု (၇) စုမှ လူဦးရေ (၂၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ငွေကျပ် (၅၀,၄၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၃၅၀,၀၀၀/-)၊ စုစုပေါင်းငွေကျပ် (၄၀၀,၄၀၀/-)အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ​​လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့၍လည်းကောင်း၊


၂။     (၂၉-၁-၂၀၂၁)ရက်‌နေ့တွင် အချိန်အခါမဟုတ်မိုးရွာသွန်းပြီး‌ လေပြင်းတိုက်ခတ်မှုကြောင့် ကြို့ပင်ကောက်မြို့နယ်၊ ဆင်နင်းပင်ကျေးရွာအုပ်စု၊ နင်းညဉ်းဦးကျေးရွာ၊ လိန်ပင်ကွင်းကျေးရွာ အုပ်စု၊ ငှက်သိုက်ရွာနှင့်‌ ထောက်ကြံ့‌တောရွာတို့တွင်‌ လေဘေးသင့်ပြိုလဲနေအိမ်(၁)လုံးနှင့် အမိုးလန်‌ နေအိမ်(၆)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၁၀,၀၀ဝ/-)၊ လူဦးရေ (၂၅)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၂,၅၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၆၂,၅၀ဝ/-)နှင့်​ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)အိမ်ထောင်စာတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက (၃-၂-၂၀၂၁) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူးဦးကိုကိုငြိမ်း နှင့်တာဝန်ရှိသူများ၊ ရပ်ကျေးစာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့၍လည်းကောင်း၊


၃။     (၃-၂-၂၀၂၁) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ သရက်တပင် ကျေးရွာအုပ်စု၊ ဝက်ကော်အောက်ရှမ်းစုကျေးရွာ၊ ဝက်ကော်အထက်ရှမ်းစုကျေးရွာ၊ ရှားဖြူကုန်း ကျေးရွာ၊ အုတ်ဖိုစုကျေးရွာ၊ ဆင်ကုန်တိုင်ကျေးရွာ၊ သစ်မျှောလေးကျေးရွာနှင့် သစ်မျှောကြီး ကျေးရွာတို့တွင် COVID-19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စု (၂၁) စုများအား အိမ်ထောင်စု(၁)စုလျှင် (၂၀၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်း (၄၂၀၀၀၀/-)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အဖွဲ့နှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့၍လည်းကောင်း၊


၄။     မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ ဒေါ်အေး (တဲတိုက်)တွင် သောက်သုံးရေအခက်အခဲဖြစ်နေသည့် အိမ်ခြေ (၁၀၂) လုံး၊ အိမ်ထောင်စု (၁၀၆) စု၊ လူဦးရေ (၅၁၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက (၃-၂-၂၀၂၁) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေ ပေးခဲ့၍လည်းကောင်း၊


၅။     အုတ်ဖိုမြို့နယ်၊ ကျေးရွာအုပ်စု (၁၄)စု၊ ကျေးရွာ(၂၅)ရွာ၊ ရပ်ကွက်(၂)ရပ်ကွက်တို့၌ (၃၀-၁-၂၀၂၁)ရက်နေ့တွင်​ အချိန်အခါမဟုတ်မိုးရွာသွန်းပြီး ‌လေပြင်းတိုက်ခတ်မှု‌ကြောင့် လေဘေး သင့်ပျက်စီးနေအိမ်(၇)လုံးနှင့် အမိုးလန်​ (၁၂၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၄၂၅,၀၀ဝ/-)ကျပ်၊ လူဦးရေ(၅၀၀)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၀၅၀,၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄,၄၇၅,၀၀ဝ/-)နှင့်​ ထောက်ပံ့ရေးပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စာ(၇)စာ တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက (၃-၂-၂၀၂၁) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေး ခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်ကျေးစာရေး၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ကူညီထောက်ပံ့ပေးခဲ့ပါသည်။


Source:  EOC

 

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ မြစိမ်းရောင်ကျေးရွာနှင့် နန်းတော်ဦးကျေးရွာတို့၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိ သော လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/‌ရှောင်ရန် အချက်များအား အသိပညာ ပေးမှုသတင်း
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း(မြို့နယ်အဆင့်)အမှတ်စဉ် (၄/၂၀၂၄) ဖွင့်လှစ်မှုသတင်း
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရွှေနံ့သာစျေး၊ ရွှေနံ့သာရပ်ကွက်၊ ငန်းစပ်၊ မောင်းရမ်း၊ သဲကုန်း၊ မင်းကုန်း၊ ကျွဲရှင်း၊ မအူလေးပင်နှင့် ဆည်ကန်ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR