ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီး ကျေးရွာအုပ်စု၊ အောက်ရွာကြီးကျေးရွာ၊ ဝက်သေကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာနှင့်‌ မကျီးကုန်းကျေးရွာ အုပ်စု၊ ကျေးရွာခွဲ (၆) ရွာတို့တွင် (၂၀-၁၀-၂၀၂၅) ရက်နေ့ ဖြစ်ပွားခဲ့သောလေဘေးကြောင့် လုံးဝ ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁၄) လုံး၊ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၄၆) ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀၀၀၀ဝိ/-)နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃၀၀၀ဝိ/-) စုစုပေါင်းထောက်ပံ့ငွေ (၁၇၃၀၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၄) အိမ်ထောင်စာတို့အား (၂၁-၁၀-၂၀၂၅)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဌ၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်အမျိုးသမီရေးရာအဖွဲ့မှ တာ၀န်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများအားလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ


MOS

DSW

DDM

DOR