ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၉-၅-၂၀၂၃)ရက်နေ့တွင် ကျောက်တန်းမြို့နယ်အတွင်း ပင်လယ်ဝကျေးရွာဖြစ်သည့် ချောင်းဝကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် မိုချာဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန်နှင့် မုန်တိုင်းနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးရေလျှံဖြစ်ပွားခြင်း၊ မုန်တိုင်းဒီရေစသည့် ဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန် မုန်တိုင်းဘေး၊ လေပြင်းဘေး၊ ရေဘေးနှင့် မုန်တိုင်းဒီရေများနှင့်ပတ်သက်၍ ကြိုတင်ပြင်ရမည့်အချက်များ၊ ဆောင်ရန် ရှောင်ရန်အချက်များအား ပြည်သူများသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ဆွေးနွေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

MOS

DSW

DDM

DOR