ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးနှင့် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၂) ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်၊ တနင်္သာရီမြို့၌ တနင်္သာရီမြို့နယ်၊ သဘာဝဘေးစီမံ ခန့်ခွဲမှုအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများ၊ အထက-တနင်္သာရီမှ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများဖြင့်ပူးပေါင်း၍ မြို့နယ်အတွင်း ရေကြီး၊ ရေလျှံမှုများကြုံတွေ့ရပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်၊ ဇာတ်တိုက်လေ့ကျင့်ခြင်းသည် အမှန်တကယ် ဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆောင်ရွက်နိုင်ရန် လေ့ကျင့်ပေးခြင်း၊ ရင်ဆိုင် ရနိုင်သည့် ဘေးအန္တရာယ်များအလိုက် တုံ့ပြန်ဆောင်ရွက်ရမှုများကို သိရှိစေရန်အတွက် ရေဘေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကိုပြုလုပ်ခဲ့ပါသည်။ ထို့သို့ဇာတ်တိုက်လေ့ကျင့်ရာတွင် ရေပြင် အသက်ကယ်ရှာဖွေခြင်း၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ စနစ်တကျ ရွှေ့ပြောင်းကူညီ ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ ရှေ့ဦးပြုစုခြင်းဖြင့် လေ့ကျင့် ဆောင်ရွက်ခဲ့ကြပြီး ဇာတ်တိုက်လေ့ကျင့်ခြင်းအပေါ် ကဏ္ဍအလိုက်သုံးသပ် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါ ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR