ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

အိန္ဒိယနိုင်ငံ၊ ပို့ဘလဲမြို့အကျဉ်းထောင်တွင် သတ်မှတ်ပြစ်ဒဏ်များကျခံပြီး လွတ်မြောက်လာသူ (၃)ဦး နှင့် Nicobar ကျွန်းတောင်ဘက်တွင် ရေမျောနေသဖြင့် အိန္ဒိယရေယာဉ်မှ ကယ်ဆယ်ထားသည့် မြန်မာရေလုပ်သား(၉)ဦး၊ စုစုပေါင်း (၁၂)ဦးအား လေကြောင်းအမှတ် (SG-8264/ spice jet) ဖြင့်( ပို့ဘလဲ-ကော်လ်ကတ္တား)သို့လည်းကောင်း၊ လေကြောင်းအမှတ် ( 8M- 608/MAI) လေယာဉ်ဖြင့် (ကော်လ်ကတ္တား-ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်)သို့လည်းကောင်း ဆိုက်ရောက်ခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (ကျားလုံချည်၊ တီရှပ်၊ တဘက် နှင့် ဆပ်ပြာ) နှင့် ခရီးစရိတ်၊ နေ့တွက်စရိတ် စုစုပေါင်း (၄၂၀၀၀၀)တို့အား ‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၂၂)ရက်နေ့ (၂၃:၀၀)နာရီ အချိန်တွင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM


နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း

MOS

DSW

DDM

DOR