ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၂.၂၀၂၂)ရက်နေ့မှစတင်၍ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို သင်တန်းသား/သူ(၃၀)ဦးဖြင့်ဖွင့်လှစ်ခဲ့ရာ သဘာဝေဘးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများတိုးပွားစေပြီး သဘာဝဘေးမဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ခြင်း၊ ဘေးဖြစ်ပွားနေစဉ်အတွင်းရှာဖွေကယ်ဆယ်ခြင်းနှင့်အရေးပေါ်တုံ့ပြန်ဆာင်ရွက်ခြင်း၊ ဘေးဖြစ်ပွားပြီးနောက်ပြန်လည်ထူထောင်ခြင်းနှင့် ပြည်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို သင်တန်းသား/သင်တန်းသူများအနေဖြင့် မြေပြင်တွင်လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သင်တန်းကာလ(၃)ရက်ကြာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR