ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

 (၂၈-၇-၂၀၂၁) ရက်နေ့ (၀၃:၅၀) နာရီအချိန်တွင် မြောက်ဦးမြို့နယ်၊ ဘုရားများကျေးရွာအုပ်စု ဘုရားများကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးလူနေအိမ်(၂)လုံး(သွပ်/ဓနိမိုး / ဓနိ / ဝါးကာ / ဝါးခင်း) တို့အတွက်  (၁)လုံးလျှင် (၁၀၀,၀၀၀)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ်၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၁၆,၈၀၀) ကျပ်၊  တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ စုစုပေါင်းအိမ်/ ကျောင်းဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုး (၂၆၆,၈၀၀) ကျပ်၊ လုံးဝပျက်စီးအိမ်ခြေ (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ အိမ်ထောင်စု (၂) စုစာအား  (၉-၈-၂၀၂၁) ရက်နေ့ (၁၃:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်မြောက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ မြောက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ  ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ လေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။


Source: DDM


နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR