ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ ကျုံကရုတ်ကျေးရွာ အုပ်စု၊ ကျုံကရုတ်ကျေးရွာ၌ (၁၁-၂-၂၀၂၃) ရက်နေ့၊ (၀၉:၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် မီးဘေးသင့်အိမ်ထောင်စု(၂)စုမှ လူဦးရေ (၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၆,၃၀၀/-) ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့အား (၁၃-၂-၂၀၂၃) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် ကျုံကရုတ်ကျေးရွာသို့သွားရောက်၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

MOS

DSW

DDM

DOR