ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၂၃)ရက်နေ့၊ (၁၃:၃၀)နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သော နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ၌ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သည့် လူနေအိမ်(၁၄)လုံးမှ အိမ်ထောင်စု(၁၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၄)အိမ်ထောင်စာတန်ဖိုးငွေ (၁၉၆,၁၄၄/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁၀)အိမ်ထောင်စာတန်ဖိုးငွေ (၄၆၀,၃၆ဝိ/-)၊ စက္ကူပုံး(၁၄)ပုံးတန်ဖိုးငွေ (၄,၅၉၂/-)၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၃၇၂,၀၀ဝ/-)နှင့် မီးဘေးသင့်လူဦးရေ(၇၂)ဦးအတွက် (၇)ရက်စာဆန်ဖိုးငွေ(၁၅၁,၂၀ဝ/-)တို့အား (၈-၂-၂၀၂၃) ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် နွားထိုးကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ မီးဘေးသင့်ပြည်သူများထံလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR