ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၉.၂၀၂၃)ရက်နေ့မှ (၅.၁၀.၂၀၂၃)ရက်နေ့အတွင်း ဟင်္သာတမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရေလယ်သောင်အောက်စု၊ ငါးဆယ်ကျွန်းကျေးရွာနှင့် အိပ်ပျက်အုပ်စု၊ ငှက်ပျောတောကျေးရွာတို့တွင်ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းအိမ်ခြေ (၁၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၉၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၇၁)ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၁၄၉,၁၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၀၄၉,၁၀၀ိ/-)ကျပ်တို့အား (၁၀-၁၀-၂၀၂၃)ရက်နေ့ (၁၃:၀၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

MOS

DSW

DDM

DOR