ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ ကျေးရွာအုပ်စု (၁) အုပ်စု၊ ရပ်ကွက်(၃)ရပ်ကွက်၌ (၂၄-၇-၂၀၂၅)ရက်နေ့နှင့် (၂၅-၇-၂၀၂၅)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်ခြေ (၇၈)လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုးငွေ (၁၅,၀၀၀,၀၀၀ိ/-) နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် လူနေအိမ်ခြေ (၁၆၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈,၂၉၅,၀၀၀ိ/-) စုစုပေါင်းလူဦးရေ  (၁,၀၀၂) ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးငွေ(၅,၀၁၀,၀၀၀ိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းကြီးကျောင်း (၂) ကျောင်းအ တွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၁၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၈,၄၁၅,၀၀၀ိ/-)၊ ဒဏ်ရာ ရရှိခဲ့သူ (၃)ဦးအတွက် ထောက်ပံ့ငွေ (၁၅၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၈,၅၆၅,၀၀၀ိ/-)နှင့် ပြိုကျပျက်စီးအိမ်ထောင်စု (၇၈) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း( ၁၇) မျိုး စုစုပေါင်း တန်ဖိုးငွေ (၈,၃၉၈,၈၈၄ိ/-) အားလည်းကောင်း (၂၆-၇-၂၀၂၅) ရက်နေ့(၁၂း၀၀)နာရီအချိန်တွင် ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝါရီရူခန်းမ၌ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဌ၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR