ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရေနံ့သာ ကျေးရွာ အုပ်စု၊ ရေနံ့သာကျေးရွာတွင် (၂၃--၂-၂၀၂၂) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပျက်စီးနေအိမ် (၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀ဝ/-)၊ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၃၁,၅၀၀/-)၊ အထောက်အကူပြုပစ္စည်း Mask (၃၀)ခု၊ စုစုပေါင်းထောက်ပံ့ငွေ (၅၃၂,၁၀ဝ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုး (၃)အိမ်ထောင်စာတို့အား (၂၄-၂-၂၀၂၂)ရက်နေ့ (၁၁း၃၀)နာရီအချိန်တွင် တာဝန် ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR