ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်အတွင်း(၂၇-၆-၂၀၂၂) ရက်နေ့မှ (၇-၇-၂၀၂၂ )ရက်နေ့အထိ ဧရာဝတီ မြစ်ရေ မြင့်တက်လာမှုကြောင့် နေအိမ်များ ရေဝင် ၍ ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာ (၂)ရွာမှ ရေဘေးရှောင်အိမ်ထောင်စု(၃၂၁)စု၊ လူဦးရေ(၁၃၁၅)ဦးတို့ အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၇၆၁,၅၀၀/-)၊ ဆပ်ပြာတောင့်(၃၂၁)တောင့်၊ အဝတ် Mask (၂၃၆၀) ခုတို့အား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး၊ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်တပ်မမှူး၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် အတူ (၁၀-၇-၂၀၂၂)ရက်နေ့တွင် ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

MOS

DSW

DDM

DOR