ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

နောက်မီးအုပ်စုကြို့ကုန်းကျေးရွာတွင် (၂၄-၆-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသောလူနေအိမ်ခြေ(၄)လုံး၊ အိမ်‌ထောင်စု(၄)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,ဝဝဝ) ကျပ်၊ လူဦးရေ (၁၈) ဦးအတွက်  ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၇,၈၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ  (၄၃၇,၈၀၀) ကျပ်နှင့်         သက္ကယ်ပြင်(သံ)အုပ်စု၊ ကညင်ရိုး‌ကျေးရွာတွင် (၂၅-၆-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ(၇)လုံး၊ အိမ်‌ထောင်စု(၇)စုအတွက်    အိမ်ဆောက်ပစ္စည်းဖိုးငွေ ( ၇၀၀,ဝဝဝ) ကျပ်၊ လူဦးရေ (၂၇)ဦးအတွက်  ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၅၆,၇၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ  (၇၅၆,၇၀၀)   ကျပ်ကို (၂၈-၆-၂၀၂၁) ရက်နေ့  (၁၄:၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM


နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR