ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မဟာစည် (၄) လမ်းတွင် (၄-၄-၂၀၂၆) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၀၀,၀၀၀ိ/-)၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၇)ဦး အတွက်ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၅,၀၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၃၅,၀၀၀ိ/-)နှင့် ကာလ တန်ဖိုးငွေ(၁၈၇,၀၅၈ိ/-)ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊(စက္ကူပုံး)ပါ(၁)ပုံးအား (၅-၄-၂၀၂၆) ရက်နေ့၊  နံနက်(၁၁:၀၀) နာရီအချိန်တွင်  မြောင်းမြမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောင်းမြမြို့၊ အမှတ် (၃) ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် နေထိုင်သော  ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက် ထောက်ပံ့ခဲ့ပါသည်၊၊

Source:DDM 

နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR