ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာအုပ်စု၌ တောင်ပေါ်မြေပြိုကျမှုကြောင့် လုံးဝပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု( ၂)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀ဝ)၊ လူဦးရေ (၄)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ (၈၄၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၂)ပုံး(ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေ (၉၂၀၇၂)နှင့် သေဆုံးသူ (၁)ဦးအတွက်ထောက်ပံ့ငွေ (၃၀၀၀၀၀) တို့အား (၂၇.၇.၂၀၂၁)ရက်နေ့. (၁၀:၀၀)အချိန်ခန့်တွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး​ကောင်စီအဖွဲ့ဝင် ဦးအောင်ကြည်သိန်း၊ ချောင်းဆုံမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။ ၎င်းနောက် ကျန်ရှိသောလေဘေးသင့် အိမ်ထောင်စုများနှင့် မြေပြိုဘေးသင့်အိမ်ထောင်စုများအား ဆက်လက်ထောက်ပံ့သွားမည် ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR