ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော် မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် အောင်ရတနာလမ်းတောင့်၊ မွန်းရှီဝင်းအတွင်း၌ (၂-၃-၂၀၂၃)ရက် နေ့ (၀၄:၅၀)အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပျဉ်ထောင်၊ အုတ်ညှပ်၊ သွပ်မိုး(၇၅ပေx၅၀ပေ) (၆)ခန်းတွဲ၊ (၁)ထပ် တိုက်၊ ထပ်ခိုးပါ (၃)လုံးနှင့် ပျဉ်ထောင်၊ အုတ်ညှပ်၊ သွပ်မိုး(၈၂ ပေ x ၅၀ ပေ) (၇)ခန်းတွဲ (၁)ထပ်တိုက်၊ ထပ်ခိုးပါ (၁)လုံး၊ စုစုပေါင်း(၂၅)ခန်း၊ အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ(၇၀)ဦးတို့ မီးဘေးသင့်ခဲ့ရာ မီးဘေးသင့် ပြည်သူများမှ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၂၅)ဦးတို့အား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၅၂၅၀ဝိ/-)၊ ကယ်ဆယ်ရေး ပစ္စည်း(၁၉)မျိုး အိမ်ထောင်(၄)စုစာ၊ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask (၅၀)ခုနှင့် IEC အလှူပစ္စည်းများမှ အိမ်ထောင်စု(၁)စုလျှင် ကာဘော်လစ်ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် ကာဘော်လစ်ဆပ်ပြာ(၄)တောင့်တို့အား (၂-၃-၂၀၂၃)ရက်နေ့ (၁၃:၃၀)အချိန်နာရီတွင် လမ်းမတော်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ကနဦးသွားရောက် ထောက်ပံ့ပေးခဲ့ပါသည်။

 Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR