ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးဦးကာလများဖြစ်သော ဧပြီလနှင့် မေလများ၌ နှစ်စဉ်ဖြစ်ပွားလျက်ရှိသော လေပြင်းဘေး အန္တရာယ်နှင့်ပတ်သက်၍လေပြင်းဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းတစ်ခုဖြစ်စေရန်အတွက် အိုးအိမ်များ ပြင်ဆင်မွမ်းမံနိုင်ရန် (၁၀.၃.၂၀၂၂) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စုရှိ နေအိမ်  (၁၀၀)လုံး အတွက်  အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဝါး၊ ဓနိ စသည့်အိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအောင်မျိုးသူ၊ မီးသတ်ဦးစီးမှူး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာတာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နေအိမ်တစ်လုံးလျှင် ဓနိ (၁၉၀)ပျစ်၊ ဝါး (၂၀) လုံး၊ နှီးအစရှိသည့် အိမ်ဆောက် ပစ္စည်းများထောက်ပံ့ခဲ့ပြီး အိမ်ခြေတစ်လုံးလျှင် တန်ဖိုး (၃၀၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်းနေအိမ်(၁၀၀)လုံးအတွက် တန်ဖိုး (၃၀၀၀၀၀၀/-) ကျပ်တန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပါသည်။

Source:  DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း(မြို့နယ်အဆင့်)အမှတ်စဉ် (၄/၂၀၂၄) ဖွင့်လှစ်မှုသတင်း
ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရွှေနံ့သာစျေး၊ ရွှေနံ့သာရပ်ကွက်၊ ငန်းစပ်၊ မောင်းရမ်း၊ သဲကုန်း၊ မင်းကုန်း၊ ကျွဲရှင်း၊ မအူလေးပင်နှင့် ဆည်ကန်ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

MOS

DSW

DDM

DOR