ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


(၂၉.၇.၂၀၂၁)နေ့၌ ရွှေတောင်မြို့နယ် တရုတ်မှော်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာမှ နေအိမ်(၃၈)လုံး၊ လူဦးရေ(၁၁၉) ဦး၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာမှ နေအိမ်(၄)လုံး၊ လူဦးရေ(၁၈)ဦးတို့သည် ကမ်းပြိုဘေးကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပြီး စုစုပေါင်းအိမ်ခြေ (၄၂)လုံးအတွက် ရွှေ့ပြောင်းစရိတ် (၄,၂၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၁၃၇)ဦးအတွက် ဆန်ဘိုး (၂၈၇၇၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၄၄,၈၇,၇၀၀ိ/-)ကျပ်အား (၃၀.၇.၂၁)နေ့၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေတောင်မြိုနယ်ဦးစီးမှူးရုံး တာဝန်ရှိသူများက ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။

 

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR