လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းသည်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလူမှုရေးရာဝန်ကြီးဦးလှကြွယ်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးဦးကျော်မိုးသက်၊ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဒေါ်သိင်္ဂီအောင်တို့ လိုက်ပါလျှက် မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊တလင်းကြီးကျေးရွာအုပ်စု၊ဝဲကြီးဆင်ရွာကျေးရွာယာယီရေဘေးရှောင်စခန်းသို့သွားရောက်၍ရေဘေးသင့်ပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံပြီး ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုများကြောင့် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလာလျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့်ထိခိုက်မှုလျော့နည်းစေရေးကို အဓိကဆောင်ရွက်ကြရကြောင်း၊  ယခုရေဘေးသင့်ဒေသတွင် နှစ်စဉ်ရေလွှမ်းမိုးလေ့ရှိသည့်အတွက် ဒေသနေပြည်သူများအနေဖြင့် အတွေ့အကြုံအထိုက်အလျောက် ရှိပြီး ကြိုတင်ပြင်ဆင်မှုအသင့်ရှိသောကြောင့် အသက်ဆုံးရှုံးမှုများ မရှိရခြင်းဖြစ်ကြောင်း၊ သို့သော် ယခင်နှစ်များကထက် ရေလွှမ်းမိုးမှုပမာဏ ပိုမိုနေသည့်အတွက် စခန်းများတွင် နေထိုင်သည့်ကာလ အနည်းငယ်ကြာမြင့်နိုင်ပါကြောင်း၊ ရေကြီးရေလျှံမှုနှင့် ဆက်စပ်ကြုံတွေ့ရလေ့ရှိသောဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် အခြားသော ကျန်းမာ‌ရေးဆိုင်ရာ ရောဂါ အန္တရာယ်များ မဖြစ်စေရေး တစ်ဦးတစ်ယောက်ခြင်းနှင့် တာဝန်ရှိသူအားလုံးက အထူးသတိပြုဆောင်ရွက်ကြစေလိုကြောင်း ပြောကြားကာရေဘေးသင့်အိမ်ထောင်စု (၂၉၅) စု၊လူဦးရေ (၉၅၀) ဦးအတွက်ငွေကျပ် (၇၈) သိန်းတန်ဖိုးရှိ တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ၊ခေါက်ဆွဲခြောက်၊ငါးသေတ္တာကြက်ဥတို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR