လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်  (၁၁-၈-၂၀၂၆)ရက်​နေ့ နှင့် (၁၂-၈-၂၀၂၆) ရက်နေ့ တွင်   မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်​ရေမြင့်တက်မှု​ကြောင့်​ လေသာကျောင်း ယာယီ​ရေ​ဘေးကယ် ဆယ်​ရေးစခန်းနှင့် မိုးလုံလေလုံ ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းတို့တွင် ပြောင်း​ရွှေ့​နေရသည့်​ ရေ​ဘေး သင့်ပြည်သူအိမ်​ထောင်စု (၂၁၂) စု၊ လူဦးရေ ကျား(၄၈၅) ဦး၊ မ(၅၂၀) ဦး၊ စုစု​ပေါင်း (၁၀၀၅) ဦးတို့အတွက် ​ဆန်ရိက္ခာဖိုးထောက်ပံ့​ငွေ (၅,၀၂၅,၀၀၀ိ/-) အားလည်းကောင်း၊ အမှတ် (၅) ရပ်ကွက်၊ အောင်နန်း (၄) လမ်း တွင် ရေဝင်ရောက်မှုကြောင့်  ဓာတ်လိုက်သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-) အား လည်းကောင်း (၁၂-၈-၂၀၂၆) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်နှင့် (၁၆:၃၀)နာရီအချိန်တို့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွား​ရောက်ထောက်ပံ့ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR