၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်သည် စစ်ကိုင်းမြို့ရှိ မူကြိုကျောင်းများမှ တာဝန်ရှိသူများနှင့် စစ်ကိုင်းမျက်မမြင် ကျောင်း အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

    တွေ့ဆုံပွဲတွင် လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က မူကြိုကျောင်းများအနေဖြင့် လူမှု ဝန်ထမ်းဦးစီးဌာနက ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရေးတို့ကို ပြောကြားခဲ့သည်။

    ထို့နောက်  တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူး ဒေါ်လှိုင်မိုးမြတ်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်နွယ်နွယ်အောင်တို့က မူကြိုကျောင်းများနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် အခြေအနေများ နှင့်ပတ်သက်၍  ဆွေးနွေးတင်ပြကြသည်။

     ထို့အပြင် တက်ရောက်လာကြသည့်မူကြိုကျောင်းများမှ တာဝန်ရှိသူများက အထွေထွေ ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က တင်ပြချက် များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။




 

 

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR