လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊‌ နယ်မြေ(၁၃)၌ (၁၂-၈-၂၀၂၆)ရက်နေ့ (၁၀း၀၅)အချိန်ခန့်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့ သော လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)၊ ဘေးသင့်လူဦး​ရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုး​ထောက်ပံ့ငွေ (၂၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၂၀,၀၀ဝိ/-)နှင့် အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁၀၇၆၇၈/-) တို့အား (၁၃-၈-၂၀၂၆)ရက်နေ့၊ (၁၀း၀၀) အချိန်တွင်၊ မြဝတီရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံး ၌ မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊‌ ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR