ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် (၂၅.၉.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်၊ ဝန်ထမ်းများနှင့် ဦးစွာတွေ့ဆုံ၍ကလေးများကို ကလေးသူငယ်အခွင့်အရေးများနှင့်အညီ ပြုပြင်ထိန်းကျောင်းပေးနေမှု၊ အာဟာရကျွေးမွေးမှု၊ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ တင်ပြချက်များအပေါ်လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် စားဖိုဆောင်အတွင်း ကျောင်းသားများအတွက် ချက်ပြုတ်နေမှု၊ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသားများစာပေလေ့လာနေမှုများနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးကျောင်းသားများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ရာတွင်  မိမိတို့သင်တန်းကျောင်းသည် ကလေးများကို ပြစ်မှုကျူးလွန်ခဲ့သူများဟု မသတ်မှတ်ဘဲ ပြုပြင်ထိန်းကျောင်း    လေ့ကျင့်သင်ကြားပေးနေသောကျောင်းဖြစ်ပါကြောင်း၊ စာပေနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဘဝရပ်တည်မှုရရှိအောင် လေ့ကျင့်‌ပေးလျက်ရှိရာ နောင်တစ်ချိန်တွင် တိုင်းပြည်အတွက် တန်ဖိုးရှိသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင်  ရည်မှန်းပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်ပါ၍ ကျောင်းသားများအနေဖြင့် မိမိတို့အခွင့်အရေးကိုသိရှိရုံသာမကတာဝန်ယူမှုရှိရှိဖြင့် ပြုမှုနေထိုင်ကြရန်လိုအပ်ပါကြောင်း၊ စည်းကမ်းတကျနေထိုင်ကြပြီး ဝါသနာပါရာ အားကစားနည်းအလိုက် ထူးချွန်အောင် လေ့ကျင့်ကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး) သို့ ရောက်ရှိကာ ကျောင်းအုပ်၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကျန်းမာ‌ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အဆောင်များသို့ ကြည့်ရှုစစ်ဆေးကာ က‌လေးများအား ကူးစက်ရောဂါများမဖြစ်ပွားစေရေး အလေးထားဆောင်ရွက်ကြရန်၊ သင်တန်းကျောင်းသို့ ရောက်ရှိစဉ်ကာလအတွင်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်စွာ နေထိုင်ကြရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ကျောင်းမှသင်ကြားပေးလိုက်သော အသက်မွေးဝမ်းကျောင်းပညာရပ်များကို မိမိတို့ဘဝအတွက် အမှန်တကယ်အသုံးချနိုင်ရေး လေ့ကျင့်သင်ယူကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)သို့ရောက်ရှိကာ သင်တန်းကျောင်း အဆောက်အဦကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်အကျိုးရှိစွာ အသုံးချနိုင်ရေး စီမံဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

(၂၆.၉.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန(၃)ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြားရာတွင်ဝန်ထမ်းများအနေဖြင့်မိမိတို့၏ အရည်အချင်းများအားအမြဲတမ်းတိုးတက်နေအောင်ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းကျွမ်းကျင်သောဝန်ထမ်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ဝန်ထမ်းကျင့်ဝတ်များ စောင့်ထိန်းကြရန်၊ ကျန်းမာရေးအသိ လုံခြုံရေးသတိဖြင့် လုပ်ငန်းများဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

ထို့နောက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပင်မအထောက်အကူပြုဗဟိုဌာနတွင် လေ့ကျင့်သင်ကြားပေးနေမှု အခြေအနေများနှင့် ခေတ်နှင့်အညီသင်ကြားပို့ချပေးနိုင်မှု၊ လက်တွေ့လေ့လာသင်ယူရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာ ကြားပြီးနောက် မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာတွင် ကလေးများ    ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနေမှုအား ကြည့်ရှု၍ မသန်စွမ်းကလေးငယ်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးသိုလှောင်ရုံနှင့် ဗဟိုသိုလှောင်ရုံများသို့ သွားရောက်စစ်ဆေးခဲ့ပြီးသဘာဝဘေးအရေးပေါ်အခြေအနေများ ပေါ်ပေါက်လာပါကအဆင်သင့်ဖြစ်စေရေး၊ အမြန်ဆုံးဖြန်ခွဲနိုင်ရေးအတွက် စနစ်တကျ သိုလှောင်ထားရှိရန်၊ ပစ္စည်းများ ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ပျက်စီးဆုံးရှုံးမှု ကာကွယ်နိုင်ရေး ထားသိုမှု၊ စာရင်းသွင်းမှုများ ဆောင်ရွက်ထားကြရန်၊ မီးဘေးအန္တရာယ် မကျရောက်စေရေး ကြိုတင်ဆောင်ရွက်ထားရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် လုပ်ငန်းများဆောင်ရွက်ကြရန်  မှာကြားခဲ့ပါသည်။

ထို့နောက် အမျိုးသမီးကလေးများသင်တန်းကျောင်း၊ ထောက်ကြန့်တွင် တာဝန်ရှိသူများနှင့် ကာကွယ်စောင့်ရှောက်ထားသော အမျိုးသမီးကလေးများအား တွေ့ဆုံ၍ ကလေးသူငယ်အခွင့်အရေး(၄)ရပ်ကို အပြည့်အဝဖြည့်ဆည်းပေးရန်နှင့် စောင့်ရှောက်ခံကလေးများအနေဖြင့် ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်အောင် အသက်မွေးဝမ်းကျောင်း ပညာရပ်များ လေ့လာသင်ယူကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR