ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ဒေသများအတွက် မြန်မာသံရုံး၊ တိုကျိုမြို့မှတစ်ဆင့် တိုကျိုမြို့အခြေစိုက် Asia-Pacific Ladies Friendship Society (ALFS)အသင်းကြီးကလှူဒါန်းသည့်ဂျပန်ယန်း၊  နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ၊ မြန်မာသံရုံးများ၊ မိတ်ဖက်နိုင်ငံခြားကုမ္ပဏီများမှလှူဒါန်းသည့်အလှူငွေ (နိုင်ငံခြားသုံးငွေ-၅မျိုး)နှင့်  မြန်မာကျပ်ငွေလှူဒါန်းခြင်းအခမ်းအနားကိုသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)တွင်ယနေ့မွန်းလွဲပိုင်းကကျင်းပရာအခမ်းအနားသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကလှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားရာယနေ့လှူဒါန်းမှုမှာမြန်မာသံရုံး၊တိုကျိုမြို့မှတစ်ဆင့် တိုကျိုမြို့အခြေစိုက်Asia-Pacific Ladies Friendship Society (ALFS)အသင်းကြီးကလှူဒါန်းသည့် ဂျပန်ယန်း ၆၂၁,၀၀၀နှင့်ညီမျှသည့် မြန်မာငွေကျပ် ၉,၃၁၅,၀၀၀/-၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပြည်ပရှိမြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ဝန်ထမ်းများ၊ ပြည်ပနိုင်ငံများရှိမြန်မာနိုင်ငံသားများ၊ကုမ္ပဏီများ၊အဖွဲ့အစည်းများမှလှူဒါန်းသည့်မြန်မာငွေကျပ်(၆)သိန်းနှင့် နိုင်ငံခြားငွေ(၅)မျိုးနှင့်ညီမျှသည့် မြန်မာငွေကျပ်(၈၃,၅၁၄,၀၀၀)ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းကကျေးဇူးတင်စကားပြန်လည်ပြောကြားရာ၌ မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရ၏ဦးဆောင်မှု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏လမ်းညွှန်မှုနှင့်အတူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့် ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်းအပိုင်းများတွင် အကောင်းဆုံးဆောင်ရွက်နိုင်ခဲ့ပြီးယခုပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုကဏ္ဍအလိုက်၊ ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းများမှ လှူဒါန်းထောက်ပံ့မှုများကိုတပ်မတော်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရေယာဉ်၊ လေယာဉ်များဖြင့်စစ်တွေမြို့သို့အမြန်ဆုံးပို့ဆောင်ပေးခဲ့ပြီး စစ်တွေမြို့မှတစ်ဆင့် ဘေးသင့်ဒေသမြို့နယ်များအထိ ဆက်လက်ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊  ယခုကဲ့သို့ အလှူငွေများလာရောက်လှူဒါန်းပေးခြင်းအတွက်ကျေးဇူးတင်ရှိပါကြောင်း၊အဆိုပါငွေများကိုဘေးသင့်ဒေသများအတွက် အကျိုးရှိစွာအသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလှူရှင်များအားလုံးကိုနိုင်ငံတော်နှင့် ဘေးသင့်သူများကိုယ်စားကျေးဇူးတင်ပါကြောင်းနှင့် လေးစားစွာမှတ်တမ်းတင်အပ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကအလှူငွေများကိုပေးအပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR