ဝန်ဆောင်မှုလုပ်ငန်း

     တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်များတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးများအား တစ်နှစ်လျှင်(၂)ကြိမ်စီကျင်းပခြင်း၊ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ကလေးများအား အသိပညာပေးသင်တန်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး သင်တန်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲ၊ စေတနာ့ဝန်ထမ်း ပုဂ္ဂိုလ်၊ လူမှုရေးအသင်းအဖွဲ့များ၊ INGOs, NGOs များအား ဥပဒေအသိပညာပေးဟောပြောပွဲ၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အခမ်းအနားများအား တစ်နှစ် လျှင် (၁)ကြိမ်စီ ကျင်းပဆောင်ရွက်လျက် ရှိပါသည်။ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွား ဖြစ်ထွန်းစေရန်၊ ကလေးသူငယ်များအပေါ် ခွဲခြားဆက်ဆံမှုများပပျောက်စေရန်၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ်များအား အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ် စောင့်ရှောက်ပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စသည့် အခွင့်အရေးများအား ရရှိရန်အတွက် ကလေးသူငယ် အခွင့်အရေးများနှင့် ကာကွယ်စောင့်ရေှာက်မှုလုပ်ငန်းအစီအစဉ်များအား အကောင်အထည် ဖော်ဆောင် ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ကလေးသူငယ်အခွင့်အရေးများကိုဆောင်ရွက်ရာတွင်လည်း လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များမှ ပေးပို့လာသော ကလေးသူငယ်ကြီးကြပ်သူအစီရင်ခံစာများအား လချုပ်များ၊ နှစ်ချုပ် များ ပြုစုဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးနှင့် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီသို့တိုင်ကြားလာသည့်အမှုများ၊ ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ တိုင်ကြားလာသောအမှုများကို တိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်/ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီများနှင့်အစည်းအဝေးများခေါ်ယူ၍ ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိပါသည်။


MOS

DSW

DDM

DOR