ဝန်ဆောင်မှုလုပ်ငန်း

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးဆိုင်ရာ အချက်အလက်များ 

  • လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု (၆) ရပ်မှာ -

           (၁) ကလေးသူငယ်များအား သတ်ဖြတ်ခြင်းနှင့် သေရာပါကိုယ်လက်အင်္ဂါချို့ယွင်းစေ ခြင်း၊

           (၂) တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များတွင် ကလေးသူငယ်များအား စုဆောင်း ခြင်းနှင့် အသုံးပြုခြင်း၊

           (၃) ကလေးသူငယ်များအား အဓမ္မပြုကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း အမျိုးမျိုး၊

           (၄) ကလေးသူငယ်များအား အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း၊

           (၅) ဆေးရုံနှင့် ကျောင်းများအား တိုက်ခိုက်ခြင်း၊

           (၆) ကလေးသူငယ်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးကို တားဆီးခြင်း (သို့မဟုတ်) ခွင့်မပြုခြင်း။

  • နိုင်ငံတော်သမ္မတရုံး၏ (၇.၁.၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊  ၉/၂၀၁၉ ဖြင့် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဌအဖြစ်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ်လည်းကောင်း၊ ကာကွယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ်လည်းကောင်း၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အတွင်းရေးမှူးအဖြစ်လည်းကောင်း အဖွဲ့ဝင် (၁၂) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၁၀) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတရုံး၏ (၅.၂.၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၂/၂၀၁၉ ဖြင့် ကော်မတီတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌနှင့် (၁၉.၁၁.၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၂၀/ ၂၀၁၉ ဖြင့် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တို့အား  အဖွဲ့ဝင်များအဖြစ် ဖြည့်စွက်ဖွဲ့စည်းခဲ့ပါသည်။
  • အဆိုပါကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို (၂၁.၁.၂၀၁၉) ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို (၂၄.၇.၂၀၁၉) ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို (၁.၁၁.၂၀၁၉) ရက်နေ့တွင်လည်းကောင်း၊ စတုတ္ထ အကြိမ်ညှိနှိုင်းအစည်းအဝေးကို (၂၄.၁.၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို (၁၀.၇.၂၀၂၀) ရက်နေ့တွင်လည်းကောင်း ကျင်းပခဲ့ပါသည်။
  • ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအရ လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီဖွဲ့စည်းရန် သက်ဆိုင်ရာဌာနများသို့ အဖွဲ့ဝင်အမည်စာရင်းများ တောင်း ခံခဲ့ရာ အဖွဲ့ဝင်စာရင်းများရရှိပြီး နိုင်ငံတော်သမ္မတရုံး၏ (၁၉.၁၁.၂၀၁၉) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၁၁၂ (၂) / ၈ / သမ္မတရုံးအရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် အား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အား အတွင်းရေးမှူးအဖြစ်လည်းကောင်း အဖွဲ့ဝင် (၁၄) ဦးဖြင့် လုပ်ငန်းကော်မတီအား ဖွဲ့စည်းခဲ့ပြီး (၂၂.၄.၂၀၁၉) ရက်နေ့တွင် လုပ်ငန်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေး (၁/၂၀၁၉) အားလည်းကောင်း၊ (၂၂.၅.၂၀၁၉) ရက်နေ့တွင် ဒုတိယအကြိမ် အစည်းအဝေး (၂/၂၀၁၉) အားလည်းကောင်း၊ (၁၄.၇.၂၀၁၉) ရက်နေ့တွင် တတိယအကြိမ် အစည်းအဝေး (၃/၂၀၁၉) အားလည်းကောင်း၊ (၃၁.၁၀.၂၀၁၉) ရက်နေ့တွင် စတုတ္ထအကြိမ် အစည်းအဝေး (၄/၂၀၁၉) အားလည်းကောင်း၊ (၂၃.၁၂.၂၀၁၉) ရက်နေ့တွင် ပဉ္စမအကြိမ် အစည်အဝေး (၅/၂၀၁၉) အားလည်းကောင်း၊ (၂၈.၅.၂၀၂၀) ရက်နေ့တွင် ဆဋ္ဌမအကြိမ် အစည်းအဝေး (၁/၂၀၂၀) အားလည်းကောင်း ကျင်းပနိုင်ခဲ့ပါသည်။ 
  • အဆိုပါ အစည်းအဝေးများ၏ ဆုံးဖြတ်ချက်အရ အစည်းအဝေးတွင် စုပေါင်း အဆိုပြုခဲ့သည့် လုပ်ငန်းစီမံချက်ကို အဓိကထား၍ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး လုပ်ငန်းစီမံချက်မူကြမ်းကို Core Group ဖွဲ့၍ ရေးဆွဲခဲ့ကြ ပါသည်။ (၅-၈-၂၀၁၉) ရက်နေ့တွင် အဆိုပါစီမံချက်မူကြမ်းအား ချပြသွားရန် လုပ်ငန်း ကော်မတီနှင့် CTFMR တို့ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ 
  • (၃၀-၉-၂၀၁၉) ရက်နေ့တွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ် တားဆီးနိုင်ရေး အမျိူးသားအဆင့် တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး လုပ်ငန်း စီမံချက် Core Group နှင့် CTFMR ဘက်မှ (Small Group) တို့ တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ပါသည်။
  • (၃၁.၁၀.၂၀၁၉) ရက်နေ့တွင် CTFMR ဘက်မှ အကြံပြုချက်များနှင့် (၃၀.၉.၂၀၁၉) ရက်နေ့ တွင် ကျင်းပခဲ့သောအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းကော်မတီ၏ အဖွဲ့ဝင် များမှ ဆွေးနွေးခဲ့ကြပြီး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကိုသာ အကောင်အထည်ဖော် သွားရန် ဆုံးဖြတ်ခဲ့ကြပါသည်။
  • လုပ်ငန်းကော်မတီ၏ (၅/၂၀၁၉) အစည်းအဝေးတွင် လုပ်ငန်းကော်မတီ၏ အဖွဲ့ဝင်များမှ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အား ဆွေနွေးအတည်ပြုခဲ့ကြပြီး (၈.၁.၂၀၂၀) ရက်နေ့ တွင် ဆွေးနွေးအတည်ပြုထားသော အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အား CTFMR သို့ ချပြဆွေးနွေးခဲ့ပါသည်။ 
  • ထို့နောက် (၂၄.၁.၂၀၂၀) ရက်နေ့တွင် ကော်မတီ၏ စတုတ္ထအကြိမ်ညှိနှိုင်းအစည်းအဝေး၌ လုပ်ငန်းကော်မတီအဖွဲ့ဝင်များမှအတည်ပြုထားသော အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အား ပြည်ထောင်စုဝန်ကြီးဦးစီးသော ကော်မတီအဖွဲ့ဝင်များမှ ထပ်မံ၍ ဆွေးနွေးအတည်ပြု ခဲ့ကြပါသည်။ (၅.၃.၂၀၂၀) ရက်နေ့တွင် ကော်မတီမှ အတည်ပြုထားသော အမျိုးသား အဆင့် လုပ်ငန်းစီမံချက်အား CTFMR မှ Co-Chair များနှင့် ကိုယ်စားလှယ်များအား ချပြခဲ့ ကြပြီး CTFMR ဘက်မှ အကြံပြုချက်များနှင့် သဘောထားမှတ်ချက်များ တင်ပြခဲ့ပါသည်။
  • ကလေးသူငယ်များ၏အခွင့်အရေးဆိုင်ရာ စာချုပ်၏ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် (CRC-OPAC) သို့ မြန်မာနိုင်ငံက အတည်ပြုပါဝင်ပြီးဖြစ်ပါသည်။ ထို့ကြောင့် ကလေးသူငယ်များ၏ အခွင့် အရေးများဆိုင်ရာ ကိစ္စရပ်များကို ပိုမိုအလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး ကလေး သူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို အဓိကထား၍ အကောင်အထည်ဖော်သွား မည်ဖြစ်သည်။
  • ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၁၂၆၁ (၁၉၉၉) ၊ ၁၃၁၄ (၂၀၀၀)၊ ၁၃၇၉ (၂၀၀၁)၊ ၁၅၃၉ (၂၀၀၄)၊ ၁၆၁၂ (၂၀၀၅) တို့အပါအဝင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအစီရင်ခံစာအား နောက်ဆက်တွဲတွင် စာရင်းသွင်းခံရသည့် အဖွဲ့ဝင်နိုင်ငံများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆင့်ခေါ်သည့် သီးခြားဆုံးဖြတ်ချက် ၁၁၈၂ (၂၀၀၉) အား အသိမှတ်ပြုလျက် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်း စီမံချက် (National Action Plan)ကို ရေးဆွဲပြီး အစိုးရအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ 
  • လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် (၂၈.၅.၂၀၂၀) တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော လုပ်ငန်းကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေး online meeting အား လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် လုပ်ငန်းကော်မတီဝင် (၁၄) ဦးတို့ဖြင့် Video Conferencing ပြုလုပ်ခဲ့ပါသည်။
  • ၎င်းအစည်းအဝေးဆုံးဖြတ်ချက်အရ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် သေ‌ကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ် တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အား အတည်ပြုပေးနိုင်ရေး နိုင်ငံတော် သမ္မတရုံးသို့ တင်ပြရန်ဆုံးဖြတ်ခဲ့ကြပြီး (၃.၆.၂၀၂၀) ရက်နေ့တွင် အဆိုပါ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို နိုင်ငံတော် သမ္မတရုံးသို့ ပေးပို့တင်ပြခဲ့ပါသည်။
  • (၁၀.၈.၂၀၂၀) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူး လွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အား “လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန်” ညွှန်ကြားခဲ့ပါသည်။
  • အဆိုပါ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီနှင့် CTFMR တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
  • ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များမှာ အမျိုးသားအဆင့် လုပ်ငန်းစီမံ ချက်တွင် ပါဝင်သည့်အမျိုးသားအဆင့်တိုင်ကြားမှု ယန္တရားအကောင်အထည်ဖော်ရန် ကော်မတီရုံးအဖွဲ့ကို ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် ဖွဲ့စည်းခြင်း၊ စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်း/ဖြေရှင်းဆောင်ရွက်ခြင်း၊ သတင်းမီဒီယာများ၊ Billboard များ၊ လက်ကမ်းစာစောင်များဖြင့် အသိပညာပေးခြင်း၊ ပြည်တွင်းဥပဒေနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေများကို သိရှိစေရန် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် နည်းပြသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပပေးခြင်း၊ ကုလသမဂ္ဂအဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆောင်ရွက်သည့်လုပ်ငန်းများကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း၊ သတင်းပေးတိုင်ကြားသူများ၊ ဝန်ဆောင်မှုပေးသော ဝန်ထမ်းများနှင့် ကျူးလွန်ခံရသူများကို ထိခိုက်မှု မရှိစေရန် ကာကွယ်ပေးခြင်း၊ အသက်ရှင်ကျန်ရစ်သူများ၊ ထိခိုက်ခံရသူများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် အသိုက်အဝန်းများအတွက် အထောက် အပံ့ပေးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေခြင်း၊ ကျူးလွန်သူများအား အပြစ်ပေးအရေးယူဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားပါမည်။ တိုင်ကြားမှုများကို ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် တပ်ဆင်ထားပြီးဖြစ်သော ဖုန်းနံပါတ်များ- ၀၆၇-၃၄၀၄၇၀၀၊ ၀၆၇-၃၄၀၄၈၀၀ နှင့် email address – [email protected] မှ လက်ခံပြီး စုံစမ်းဖြေရှင်းရန် ဆောင်ရွက်လျက်ရှိပါသည်။


MOS

DSW

DDM

DOR