နှစ်စဉ်နွေရာသီကာလအတွင်း ပြင်းထန်သည့် နေအပူရှိန်ကြောင့် မိမိတို့၏ နေအိမ်များတွင် နေထိုင်ရာခက်ခဲသဖြင့် အပူဒဏ်ကို တိမ်းရှောင်ရန် လိုအပ်မည့် ပြည်သူများ အပူဒဏ်ကို တိမ်းရှောင်နိုင်ရေးနှင့် အပူဒဏ်ကာကွယ်ရေးအတွက် ၂၀၁၉ ခုနှစ်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးအတွင်း မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများရှိ သင့်တော်၍ အရိပ်ရနိုင်သည့် နေရာများတွင် ဒေသထွက်ပစ္စည်းများဖြင့် ယာယီအဆောက်အဦများ ဆောက်လုပ်ပေးပြီး နားခိုနေထိုင်နိုင်ရန် စီစဉ် ပေးခြင်း၊ ဘုန်းကြီးကျောင်း စသည့် သာသနိက အဆောက်အအုံများ ရှိပြီးဖြစ်ပါက လိုအပ်သည်များ ပံ့ပိုးပေး၍ အပူရှောင်စခန်းများ ဖွင့်လှစ်ပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။
အပူရှောင်စခန်းများ ဖွင့်လှစ်ပေးခြင်း
- စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် မုံရွာမြို့နယ်တို့တွင် အပူရှောင်စခန်း(၂၀)ခုဖွင့်လှစ်ခြင်းအတွက်စုစုပေါင်းငွေကျပ်(၂၅.၃၀၀)သန်းဖြင့် ဆောင်ရွက်ခြင်း၊
- မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့တွင် အပူရှောင်စခန်း (၂၄)ခု ဖွင့်လှစ်ခြင်းအတွက် စုစုပေါင်း ငွေကျပ်(၈.၈၀၅)သန်းဖြင့် ဆောင်ရွက်ခြင်း။