ဝန်ဆောင်မှုလုပ်ငန်း

  • ကုလသမဂ္ဂကလေးသူငယ်ခွင့်အရေးများဆိုင်ရာကွန်ဗင်းရှင်းအရ စစ်ဘေးပဋိပက္ခခံစား နေရသောဒေသများရှိကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန်အတွက် မိုင်းအန္တ ရာယ်အသိပညာပေးလုပ်ငန်းများအား ၂၀၁၂ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။
  • မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းကော်မတီကို(၂၇.၄.၂၀၁၂)ရက်နေ့တွင် စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက ဥက္ကဌ အဖြစ်လည်းကောင်း၊ညွှန်ကြားရေးမှူး၊ပြန်လည်ထူထောင်ရေးဦးစီးဌာနက အတွင်းရေးမှူး အဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။ ဆက်စပ်ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများ၊လူမှုရေးအဖွဲ့အစည်းများမှ အဖွဲ့ဝင်အဖြစ် ပါဝင်ပါသည်။ လုပ်ငန်းကော်မတီသည် ပြည်တွင်း/ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးရေးအလုပ်ရုံဆွေးနွေးပွဲများအား တိုင်းဒေသကြီးများနှင့် ပြည် နယ်များတွင် ကျင်းပလျက်ရှိပါသည်။
  • မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းအဖွဲ့၏ ပုံမှန်ညှိနှိုင်းအစည်းအဝေးများကို နေပြည်တော်တွင် ကျင်းပခဲ့ရာယခုဆိုရင် (၂၃)ကြိမ် တိုင်ခဲ့ပြီဖြစ်ပါသည်။ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ ပုံမှန်ညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်း၊ မိုင်းအန္တရာယ်အသိပညာသင်တန်းများ ဖွင့်လှစ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
  • ၂၀၁၇ခုနှစ်မှစ၍ နှစ်စဉ်ဧပြီလ(၄)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာမိုင်းအန္တရာယ်အသိပ ညာပေးရေးနေ့အခမ်းအနားကို နေပြည်တော်နှင့် သက်ဆိုင်ရာပြည်နယ်များတွင် ကျင်းပ လျက်ရှိပါသည်။လာမည့် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ (၄)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ မိုင်း အန္တရာယ်အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာအကူအညီပေးရေးနေ့ကို နေပြည် တော်၌ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ ကျင်းပသွားမည် ဖြစ်သော်လည်း COVID-19 ကြောင့် ကျင်းပနိုင်ခြင်းမရှိပါ။
  •  (၅.၃.၂၀၁၉) ရက်နေ့တွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ မြန်မာနိုင်ငံအနေဖြင့် မိုင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် Mine Ban Treaty တွင် လက်မှတ်ရေး ထိုးနိုင်ရန် ရည်ရွယ်သည့်အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် တော်ဝင်နော်ဝေနိုင်ငံသံရုံးတို့ ပူးပေါင်း၍ the Anti-personal Mine Ban Convention Information Workshop အား ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ တပ်မတော်မှအရာရှိကြီးများနှင့် အခြားဆက် စပ်ဝန်ကြီးဌာနများ၊ INGOs, NGOs အဖွဲ့များ တက်ရောက်ခဲ့ပါသည်။
  • (၃.၅.၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန် ကြီးဌာန၊  EC ခန်းမ၌ ပြည်ထောင်စုဝန်ကြီးမှ ဦးဆောင်၍ အမျိုးသားအဆင့်မိုင်းအန္တရာယ် လျော့ချရေးနှင့် ကာကွယ်ရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ (Mine Action Authority) ဖွဲ့စည်း နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲမှူးချုပ်နှင့် ပြန်လည်ထူ ထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
  •  (၂၆.၈.၂၀၁၉) ရက်နေ့မှ (၂၈.၈.၂၀၁၉) ရက်နေ့အထိ ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၃) ဦးသည် ထိုင်းနိုင်ငံ အမျိုးသားမိုင်းရှင်း လင်းရေးဗဟိုစင်တာသို့ ထိုင်းနိုင်ငံအစိုးရနှင့် Norwegian People’s Aid (NPA) အဖွဲ့တို့၏ ထောက်ပံ့မှုဖြင့် လေ့လာရေးခရီးသွားရောက်ခဲ့ပါသည်။ 
  •  (၃၀.၁၀.၂၀၁၉) ရက်နေ့တွင် Hilton ဟိုတယ်၌ အမျိုးသား မိုင်းရှင်းလင်းရေး အာဏာပိုင် အဖွဲ့ ဖွဲ့စည်းနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဆိုင်ရာဆွစ်ဇာလန်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးနှင့် Danish Refugee Council (DRC) အဖွဲ့တို့ ပူပေါင်းကျင်းပခဲ့ရာ သက်ဆိုင်ရာတပ်မတော်နှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သံရုံးများ၊ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန၊ ကုလသမဂ္ဂ အဖွဲ့များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံအသီးသီးမှ အမျိုးသားမိုင်းရှင်းလင်း ရေးအာဏာပိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ 
  • (၂၅.၁၁.၂၀၁၉) ရက်နေ့မှ (၂၉.၁၁.၂၀၁၉) ရက်နေ့အထိ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကျင်းပမည့် Oslo Review Conference on a Mine Free World သို့ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်(၅)ဦးသည် နော်ဝေ နိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် တက်ရောက်ခဲ့ပါသည်။
  • ၂၀၁၇ - ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် မှစတင်၍ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူ (၁) ဦးလျှင် ငွေကျပ်(၂)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာ (၅၉၈)ဦးအား စုစုပေါင်းငွေကျပ် (၁၁၉၆)သိန်း ထောက်ပံ့ပေးခဲ့ပါသည်။ထောက်ပံ့မှုအစီအစဉ်အား ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
  • (၅.၁၂.၂၀၁၉) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ လည်းကောင်း၊ (၁၀.၁၂.၂၀၁၉) ရက် နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ လည်းကောင်း၊ (၁၀.၁၂.၂၀၁၉) ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ လည်းကောင်း၊ (၁၁.၁၂.၂၀၁၉) ရက်နေ့တွင် လည်းကောင်း “မိုင်းအန္တရာယ်ပညာပေးရေးနေ့” အခမ်းအနားကို အသီးသီးကျင်းပခဲ့ပါသည်။
  • (၃.၁.၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန် ကြီးဌာန၌ အမျိုးသားအဆင့် မိုင်းကင်းစင်ရေးလှုပ်ရှားမှုဆိုင်ရာညှိနှိုင်းအစည်းအဝေးအား ပြည်ထောင်စုဝန်ကြီးဦးစီး၍ အစည်းအဝေးတက်ရောက်သူ(၂၄)ဦးဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အမျိုးသားအဆင့် မိုင်းကင်းစင်ရေးလှုပ်ရှားမှုဆိုင်ရာ အာဏာပိုင်အဖွဲ့ ဖွဲ့စည်းမည့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန် သဘောတူညီခဲ့ပါသည်။
  • ၎င်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများအား ရေးဆွဲခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာန များ၏ သဘောထားမှတ်ချက်နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ တစ်ဆင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနသို့ တင်ပြထားဆဲဖြစ်ပါသည်။ 
  • ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းအဖွဲ့ပုံမှန်ညှိနှိုင်း အစည်းအဝေး များကို ကျင်းပခဲ့ရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၁၈) ကြိမ်မြောက် အဖြစ်လည်း ကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ (၁၂) ကြိမ်မြောက် အဖြစ်လည်းကောင်း ကရင် ပြည်နယ်၊ ဘားအံမြို့၌ (၁၃) ကြိမ်မြောက် အဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၌ (၁၄)ကြိမ်မြောက် အဖြစ်လည်းကောင်း၊ အသီးသီးရှိခဲ့ပြီဖြစ် ပါသည်။


MOS

DSW

DDM

DOR