အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန (၂)ခုရှိပါသည်။
တည်နေရာ
| ရန်ကုန် WDC | -အမှတ်(၁၁၃) ၊သံလွင်လမ်း၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် ၀၁-၅၃၅၀၃၆  | 
| မန္တလေး WDC | -၆၄ လမ်း၊ ၃၀ x ၃၁ လမ်းကြာ၊ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့၊ ဖုန်းနံပါတ် ၀၂ - ၄၀၃၃၂၂၅  | 
- အသက်(၁၈)နှစ် ပြည့်ပြီးသော အမျိုးသမီးများအား လက်ခံစောင့်ရှောက်ရန်၊
 - ရပ်ရွာလူထုအတွင်းရှိ လူမှုရေးအခက်အခဲကြုံတွေ့နေသည့် အမျိုးသမီးများအား လက်ခံ စောင့်ရှောက်ရန်၊
 - တက္ကသိုလ်တက်ခွင့်ရရှိသူများကို တက္ကသိုလ်ပညာ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးရန်၊ 
 - အသက်မွေး၀မ်းကျောင်းပညာရေး စနစ်တကျ တတ်မြောက်စေရန်နှင့် ကုန်ထုတ်လုပ်ငန်း များတွင် ပါ၀င်ဆောင်ရွက်လာနိုင်စေရန်၊
 - အလုပ်အကိုင်နေရာချထားပေးရန်နှင့် ၀င်ငွေရလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် ဘ၀ ရည်မှန်းချက်များ ထားရှိလာစေရန်၊
 - အမျိုးသမီးငယ်များအား လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်၀င်ဆံ့နိုင်ရေးနှင့် မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံရေး ဆောင်ရွက်ရန်၊
 - မျိုးချစ်စိတ်ဓာတ်ထက်သန်ပြီး နိုင်ငံကိုချစ်မြတ်နိုးသော နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုသည့် နိုင်ငံ့သမီးကောင်းများ ပေါ်ပေါက်လာစေရန်။
 
လက်ခံသည့်အမျိုးအစား 
- အသက်(၁၈)နှစ် နှင့်အထက် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော အမျိုးသမီးများ
 - အမျိုးသမီးကလေးများ သင်တန်းကျောင်းမှ (၁၈)နှစ်ပြည့်ပြီး လွှဲပို့သောသူများ
 
လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုများ
- စားဝတ်နေရေးဖြည့်ဆည်းပေးခြင်း
 - ကျန်းမာရေးစောင့်ရှောက်ပေးခြင်း
 - အတန်းပညာသင်ကြားပေးခြင်း
 - အသက်မွေးဝမ်းကျောင်းပညာများသင်ကြားပေးခြင်း
 - ပြင်ပအလုပ်အကိုင်ရှာဖွေပေးခြင်း
 - ပြင်ပတွင်နေထိုင်နိုင်ရန် စီစဉ်ပေးခြင်း
 - လူ့အသိုင်းအဝိုင်းတွင်နေထိုင်နိုင်ရန်လေ့ကျင့်သင်ကြားပေးခြင်း  
 

ရန်ကုန်မြို့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် ကျောင်းသူများမှ နှာခေါင်းစည်းများ (Masks) ချုပ်လုပ်နေပုံ
            
          
