ဝန်ဆောင်မှုလုပ်ငန်း

သင်တန်းကျောင်းအခြေပြုစောင့်ရှောက်ရေးလုပ်ငန်း

၁။       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးနှင့်လူငယ်များအတွက် လူငယ်သင်တန်း ကျောင်း (၁၀)ကျောင်း ဖွင့်လှစ်၍ မိမဲ့၊ဘမဲ့၊မိဘမဲ့၊ခိုကိုးရာမဲ့ကလေးများ၊ လေလွင့် ကလေးငယ်များ၊ လမ်းပေါ်နေကလေးများ၊ ကလေးသူငယ်တရားရုံးမှ အမိန့်ချမှတ်၍ အကျင့် စာရိတ္တပြုပြင်ရန် ပို့အပ်လာသောကလေးများ၊ ကလေးသူငယ် တရားရုံးတွင် ပြစ်မှုရင်ဆိုင်ဆဲ ကလေးများ၊ ကလေးသူငယ် ဥပဒေ ပုဒ်မ ၃၂ အရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သူများ အား လက်ခံ၍ အခြေခံစားဝတ်နေရေး ဖြည့်ဆည်းပေးခြင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ အကျင့် စာရိတ္တပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လူမှုဝန်ထမ်းနည်းလမ်းများဖြင့် ဆောင်ရွက်ပေးခြင်း၊ အတန်းပညာ၊ သက်မွေးပညာများ သင်ကြားပေးခြင်းနှင့်  သင်ကြားနိုင် ရေးအတွက် ချိတ်ဆက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်ရေးအတွက် သက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ချိတ်ဆက်ခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ လက်ရှိတွင် ကလေးသူငယ် (၁၅၉၀)ဦး ကို လက်ခံစောင့်ရှောက်ပေးလျက် ရှိပါသည်။

၂။       လူမှုဝန်ထမ်းဦးစီးဌာနသည်   Tdh-l နှင့်ပူးပေါင်း၍ သင်တန်းကျောင်းများရှိ ကလေး များနှင့် လမ်းပေါ်နေကလေးများအား  မိသားစုနှင့်ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးလုပ်ငန်း များကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ ၂၀၁၁ ခုနှစ် မှ ၂၀၁၇ ခုနှစ်အထိ မိသားစုထံ ပြန်လည် အပ်နှံပေးနိုင်ခဲ့သည့် ကလေးဦးရေ (၄၂၇) ဦး၊ အခြေခံပညာနှင့်အဆင့်မြင့်ပညာ သင်ကြားသူ ကလေးဦးရေ (၄၄၃)ဦး၊ သက်မွေးပညာသင်ကြားသူ (၂၉၂)ဦး၊ အလုပ်ရကလေးဦးရေ (၂၉၃)ဦး ရှိပါသည်။ သက်မွေးသင်တန်းများ အဖြစ် ဆံသသင်တန်း၊ ပိုက်ချုပ်သင်တန်း၊ ပန်းညှပ်သင်တန်း၊ ဝါးလုပ်ငန်းသင်တန်း၊ ရေဆေးဆီလိုက်သင်တန်း၊ လျှပ်စစ်မီးပြင် သင်တန်း၊ စက်ချုပ်သင်တန်း၊ ပန်းတုလုပ်ငန်းသင်တန်းများ  သင်ကြားပေးလျက် ရှိပါသည်။  ဆက်လက်၍ ကလေးသူငယ်များ နွေးထွေးသော ချစ်ခြင်းမေတ္တာနှင့် မိသားစုပုံစံပြုစုပျိုး ထောင် နိုင်ရန်အတွက် UNICEF,  Tdhl,  CFN အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်ပူးပေါင်း၍   မိဘအရင်းသဖွယ် ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် နှင့် မန္တလေးတိုင်းဒေကြီး၊ မဟာအောင်မြေမြို့နယ်တို့တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါသည်။



MOS

DSW

DDM

DOR