ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း မိုးလုံလေအားကစားခန်းမရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၅၆)စု၊လူဦးရေ (၂၃၉)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ(၇၄)အိတ် (၁၆)ပြည်(၄)ဘူးအားလည်းကောင်း၊ စျေးတောင်ရပ်ကွက် ဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၇၁)စု၊ လူဦးရေ (၃၁၈)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ (၉၉)အိတ် (၉)ပြည်အားလည်းကောင်း၊ စျေးရပ်ကွက်ဆွေမျိုးများနေအိမ်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၁၁၂)စု၊ လူဦးရေ(၃၀၉)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ၊ (၉၆)အိတ် (၁၃)ပြည် (၄)ဘူးအား တိုက်ပွဲ ရှောင်ပြည်သူများထံ (၂၁-၁-၂၀၂၁) ရက်နေ့တွင် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ချင်းပျဉ်းတောဆွေမျိုးများနေအိမ်၊ ကမ်းဒိတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ထမင်းထုပ်ကျေးရွာ၊ ဆူးပုတ်ကျေးရွာ၊ မီးလောင်ချောင်းကျေးရွာနှင့် ကြပ်ကျေးရွာတို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၃၁၀)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ၊ (၉၆)အိတ် (၂၁)ပြည်အား အမ်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ (၂၁-၁-၂၀၂၁) ရက်နေ့၊ (၂၂:ဝဝ) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ပေး ခဲ့ပါသည်။

Source:EOC

နောက်ဆုံးရသတင်းများ


MOS

DSW

DDM

DOR