(၄-၁၀-၂၀၂၁)ရက်နေ့၌ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် မုံရွာခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက စစ်ကိုင်းတိုင်းအတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးခဲ့မှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ အရာတော်မြို့နယ်နှင့် ဘုတလင်မြို့နယ်များမှ စေတနာ့ဝန်ထမ်းများသို့ တာဝန်ရှိသူအသီးသီးက ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်

MOS

DSW

DDM

DOR