၂၀၂၆ခုနှစ်၊ ဩဂုတ်လ(၇)ရက်၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးခန်းမ၌ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးမှ လူမှုဝန်ထမ်းဦးစီးဌာန လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

     ပြည်သူလူထုအတွင်း လူမှုရေးပြဿနာများ မပေါ်ပေါက်စေရေးအတွက် ကြိုတင်ကာကွယ် ပေးနိုင်ရန်နှင့် လူမှုရေးချို့တဲ့သူများအား လူမှုဝန်ထမ်းနည်းလမ်းဖြင့် အကူအညီပေးနိုင်စေရန်၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် လူမှုဝန်ထမ်းလုပ်ငန်း သဘောတရားများကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက် နိုင်စေရန်အတွက် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးမှ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်အဆင့်ဌာန(၄)ဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၅၅)ဦးတို့အား မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲနှင့် တိုင်း‌ဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR